ရုရှားစစ်ရေယာဉ်သုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ

One News

Nov 26, 2026

ရုရှားစစ်ရေယာဉ်သုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ
0 Shares
22 Views

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် သုံးစင်းဟာ မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့အတွက် နိုဝင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ရောက်ရှိလာတဲ့ စစ်ရေယာဉ် သုံးစင်းကတော့ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက် စစ်ရေယာဉ် Admiral Tributs နဲ့ ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ ဖြစ်ပါတယ်။ရောက်ရှိလာတဲ့ စစ်ရေယာဉ်တွေကို တပ်မတော်(ရေ)က အရာရှိကြီးတွေ၊ အရာရှိ၊ စစ်သည်တွေ၊ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားရေတပ်က ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆေး အနာတိုလီဗစ်ရှ် ကီယာရှ်ကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြ ပါတယ်။

ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံ ချစ်ကြည် ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
နိုင်ငံခြားရေးရာ
သတင်း

မြန်မာ-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်မည်

One News

Nov 28, 2026 15

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်လျက်ရှိမှုနဲ့ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။